မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေများ၊ အရှေ့အလယ်ပိုင်းဈေးကွက်နှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြား

 

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေများ၊ အရှေ့အလယ်ပိုင်းဈေးကွက်နှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြား

နေပြည်တော်  မေ  ၁၀

 

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည်   ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း (Foreign Correspondent Club of Japan - FCCJ) ၏ ဥက္ကဋ္ဌဟောင်း  Mr.   KHALDON AZHARI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို   ယနေ့မွန်းလွဲ  ၁  နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေများ၊ အရှေ့အလယ်ပိုင်းဈေးကွက်နှင့် ဆက်စပ် ဆောင်ရွက်နိုင်မည့်  ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို   ရှင်းလင်းပြောကြားခဲ့ပြီး Mr.   KHALDON AZHARI က သိရှိလို၍ မေးမြန်းသည့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် အလားအလာများကို ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   အမြဲတမ်းအတွင်းဝန်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။