ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးဆွေးနွေး

ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးဆွေးနွေး

နေပြည်တော်  မေ  ၁၀

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး မစ္စတာဆာအု(ဒ်)ဘင် အဗ္ဗဒူ(လ်)လာအယ်လ်စုဘိုင်ကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်   မြန်မာနိုင်ငံနှင့်  ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံ မှုများဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။