နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်နေမှုများ ဆွေးနွေး

နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်နေမှုများ ဆွေးနွေး

နေပြည်တော်  မေ  ၁၀

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCJ)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr. KHALDON AZHARI အား ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက် နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့်  နိုင်ငံတကာမီဒီယာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။