မြန်မာနိုင်ငံပြန်တမ်း ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ခန့်ထားခြင်း

မြန်မာနိုင်ငံပြန်တမ်း

၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ခန့်ထားခြင်း

၁။      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်ကို အစမ်းခန့်ကာလ (၁)နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

၂။      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်မျိုးသူကို မော်လမြိုင် တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှ စ၍ အစမ်းခန့်ထားလိုက်သည်။