မီဒီယာကဏ္ဍဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေး

မီဒီယာကဏ္ဍဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေး

 

နေပြည်တော်  မေ  ၁၁

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား   ဂျပန်နိုင်ငံခြား သတင်းထောက် များအသင်း (Foreign Correspondent Club of Japan - FCCJ) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ    Mr. KHALDON AZHARI သည်  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံရာ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်  ဌာနဆိုင်ရာအကြီးအကဲများ  တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မီဒီယာကဏ္ဍဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ The Global New Light of Myanmar  သတင်းစာကို အသွင်သဏ္ဌာန်ပြောင်းလဲ၍ အဆင့်မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ   ကိစ္စရပ်များကို  ဆွေးနွေး ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံခြားသတင်း ထောက်များအသင်း၏  ဥက္ကဋ္ဌဟောင်းသည်  ကျောက်မျက် ရတနာပြတိုက်နှင့် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် လေ့လာကြည်ညိုခဲ့ကြသည်။