ပင်းတယမြို့ မြို့မအားကစားကွင်း၌ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသင့်စုဖွဲ့ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်

ပင်းတယမြို့ မြို့မအားကစားကွင်း၌ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသင့်စုဖွဲ့ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ မြို့မအားကစားကွင်း၌ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး  အသင့်အစုအဖွဲ့ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို  မေ ၁၀ ရက် ညနေ ၃ နာရီတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူး  ဦးမြတ်ထွန်းဦးက မုန်တိုင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ ချပြရှင်းလင်းပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးကျော်မိုးလွင်က  မုန်တိုင်းနှင့်ပတ်သက်၍ အသင့်စုဖွဲ့ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်   ကော်မတီအလိုက် လူအင်အားအသင့်စုဖွဲ့ထားရှိမှုနှင့်  ယာဉ်ယန္တရားများ၊ ရှာဖွေကယ်ဆယ်ရေး အသက်ကယ်ပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများအသင့်စုဆောင်းထားရှိမှု အခြေအနေများ ရှင်းလင်းပြသပေးရာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား  အတွင်းရေးမှူး  ဦးမြတ်ထွန်းဦးက ကြည့်ရှုစစ်ဆေးပေးပြီး လိုအပ်မှုမရှိစေရန်  စီမံဆောင်ရွက်ပေးသည်။

အခမ်းအနားသို့  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ကိုယ်စား အတွင်းရေးမှူး ဦးမြတ်ထွန်းဦးနှင့် ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်မိုးလွင် ဦးဆောင်သော အဖွဲ့ဝင်(၁)   ဗိုလ်မှူးထွန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ သစ်တောဦးစီးဌာန၊ ဘေးစီမံဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများ၊ မော်တော်ယာဉ်အသင်းများ တက်ရောက်ကြောင်း  သိရသည်။