မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော်  မေ  ၁၁

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏  (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်  ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရ ကျောင်းသား၊  ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။

အခမ်းအနားတွင်   ပါမောက္ခချုပ်က ဘာသာရပ်အလိုက် ပညာရည်ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို ဆုများချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်လွင်က ရေယာဉ် တည်ဆောက်မှု အင်ဂျင်နီယာဘွဲ့ရ  ၂၁ ဦး၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ ၅၅  ဦး၊ ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့ရ  ၃၀၊ မြစ်ချောင်းနှင့်  ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ရ  ၁၄  ဦး၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရွန်နစ်အင်ဂျင်နီယာဘွဲ့ရ ၂၂ ဦး၊ ရေကြောင်းစက်မှုအင်ဂျင်နီယာဘွဲ့ရ  လေးဦး၊ ရေကြောင်းသိပ္ပံ  ဂုဏ်ထူးဘွဲ့ရ ၁၅ ဦး၊ ရေကြောင်းသိပ္ပံဘွဲ့ရ သုံးဦး၊ သင်္ဘောလုပ်ငန်းနှင့် ဆိပ်ကမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ ဘွဲ့ရ  တစ်ဦး စုစုပေါင်းဘွဲ့ရရှိသူ  ၁၆၅  ဦး တို့ကို    သက်ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဘွဲ့နှင်းသဘင်အခမ်းအနား (၁၆) ကြိမ်တိုင်ကျင်းပနိုင်ခဲ့ပြီး ရေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့နှင့် သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ ၄၃၇၁  ဦး၊  ဒီပလိုမာဘွဲ့ရရှိသူ ၁၁၂၅ ဦးနှင့် မဟာဘွဲ့ရရှိသူ ၂၂ ဦး စုစုပေါင်းဘွဲ့ရ ၅၅၁၈ ဦး  မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။