မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဆွေးနွေး

မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော်  မေ  ၁၁

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေသည်  ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCJ) ၏ ဥက္ကဋ္ဌဟောင်း Mr. KHALDON AZHARI နှင့် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်နေမှု၊ မီဒီယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတကာမီဒီယာများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းရင်းနှီးနှီးအမြင်ချင်းဖလှယ်ခဲ့ကြသည်။