အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ရွာသာကျေးရွာအုပ်စု ရွာသာကျေးရွာ၌ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု   အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို မေ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နေခြည်ဇာဝေက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာမများက သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ သင်တန်းတွင်  သင်ကြားပို့ချမည့် ဘာသာရပ်များအား  ရှင်းလင်းပြောကြားပြီး  အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံ စက်ချုပ်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြဆရာမနှစ်ဦးက  စာတွေ့လက်တွေ့နှစ်မျိုးဖြင့် မေ ၁၀ ရက်မှ ဇွန် ၉ ရက်အထိ တစ်လကြာ အခမဲ့သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။                      

  ချိုသန်းညွန့်(ကျေးလက်)