တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီ သင်တန်းဆင်းပွဲများပြုလုပ်

တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီ သင်တန်းဆင်းပွဲများပြုလုပ်

နေပြည်တော်၊ မေ - ၁၂

          နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အားလပ်ချိန်များကို အကျိုးမဲ့ မဖြစ်စေဘဲ ကျန်းမာသန်စွမ်းပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်သူများ ပေါ်ပေါက်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နွေရာသီသင်တန်းများဖြစ်သည့် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူ တာ သင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများကို တိုင်းစစ်ဌာနချုပ်များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပွဲများကို ယနေ့တွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တို့၌ ကျင်းပပြုလုပ်ကြရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြား ကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သရုပ်ဖော်ပြသမှုများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။