သတိပေးချက်

သတိပေးချက်

    ဘင်္ဂလားပင်လယ်အော်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း”မိုခါ” (MOCHA)သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသဖြင့် မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အသိပေးပြီးဖြစ်ပါသဖြင့် အဆိုပါ မုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု  လည်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိအခြေအနေတွင် မုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီမိုင်(၁၁၀)အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃)ပေမှ (၁၆)ပေအထိရောက်ရှိနိုင်မည်ဖြစ်ပါသဖြင့် ငါးဖမ်းရေယာဉ်/လှေ/သင်္ဘောများ အထူးအန္တရာယ် ရှိသည့်အတွက် ယနေ့ မွန်းတည့် (၁၂း၀၀)နာရီအချိန်မှ စ၍ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ မည်သည့်ငါးဖမ်း ရေယာဉ်/လှေ/သင်္ဘောများ လုံးဝ(လုံးဝ)မထွက်ရန် ညွှွန်ကြားပါသည်။ ညွှွန်ကြားချက် ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်  ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန