သတင်းကြေညာချက်

သတင်းကြေညာချက်

၁။   မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားကုမ္ပဏီများသည် ကမ်းလွန်လုပ်ကွက် အမှတ်၊ A-3  ဧရိယာတွင် Pre Construction Survey  လုပ်ငန်းများအား   M.V FUGRO   EQUATOR ဖြင့်  Pre Construction Survey ဆောင်ရွက်သွားမည့်  တည်နေရာကို ဖော်ပြသည့် Coordinate များဖြစ်သော Point Aမြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၂ မိနစ် ၅၂.၅၄၁၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၅ မိနစ် ၃၈.၈၀၉၈ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၂ မိနစ် ၅၅.၀၀၈၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၂ မိနစ် ၄၉.၃၉၀၅ စက္ကန့်၊ Point Cမြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၁ မိနစ် ၁၁.၂၅၅၅ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၅ မိနစ် ၄၃.၃၉၀၉ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၁ မိနစ် ၁၃.၆၇၄၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၂ မိနစ် ၅၁.၆၈၁၂ စက္ကန့်တို့အတွင်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၂။      သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-3 ဧရိယာတွင် SHWE Phase 4  Development Project  အရ Pre Construction Survey လုပ်ငန်းများအား M.V FUGRO EQUATOR ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာများမှ   (၄)ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာန