နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော်  မေ  ၁၂

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့်   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း    ပြည်နယ်မန်နေဂျာရုံးသို့ သွားရောက်၍ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများဖြစ်သော ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊   ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊   လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာအမျိုးသား လေကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်  မြန်မာ့စာတိုက်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

    ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်အပါအဝင် ဝန်ထမ်းကျင့်ဝတ်များကို    လိုက်နာရန်၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ဌာနအကျိုးကို သယ်ပိုးနိုင်သူများ ဖြစ်လာစေရေး ကြိုးပမ်းအားထုတ်ကြရန် လိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဌာနအသီးသီး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်၊ စွမ်းဆောင်ရည် သတ်မှတ်ချက်များအတိုင်း အစဉ်နှလုံးသွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသည့် ဆောင်ပုဒ်အတိုင်း မိမိတိုင်းပြည်အပေါ် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။ 

    ယင်းနောက် ဌာနအသီးသီးက တင်ပြသော လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်နေမှု ၊ အခက်အခဲများ၊ ဝန်ထမ်းများနှင့် စပ်လျဉ်းသည့်   သက်သာချောင်ချိရေး၊ နေထိုင်ရေး၊ ကျန်းမာရေး အခက်အခဲများ၊ လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

    ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံးသို့ သွားရောက်၍    လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်     ပြည်သူလူထုကို ဝန်ဆောင်မှုများပေးနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး   ယာဉ်ရပ်နားကွင်း၊ စစ်ဆေးရေးကွင်းများ အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်တင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။