အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီ သင်တန်းဆင်းပွဲများပြုလုပ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီ သင်တန်းဆင်းပွဲများပြုလုပ်

နေပြည်တော်၊ မေ - ၁၃

      နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အားလပ်ချိန်များကို အကျိုးမဲ့ မဖြစ်စေဘဲ ကျန်းမာသန်စွမ်းပြီး နိုင်ငံတော်ကိုအကျိုးပြုနိုင်သူများ ပေါ်ပေါက်လာ စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာကြစေရန်၊ လက်တွေ့ အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်၊ စိတ်ဓာတ် စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ် လူရွယ်များပေါ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နွေရာသီသင်တန်း များကို တိုင်းစစ်ဌာနချုပ်များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

      ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာ သင်တန်းဆင်းပွဲများကို ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မော်လမြိုင်မြို့၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ကြသည်။

       ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကား  ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ယဉ်ကျေးလိမ္မာ သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက (၃၈)ဖြာမင်္ဂလာတရားတော်များနှင့် ကဗျာများ ဖြင့် သီဆိုသရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။