ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီ ရွာရှောင်လမ်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု

ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီ ရွာရှောင်လမ်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ မေ - ၁၃

        မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့  ဆက်သွယ်မည့် ကလွီရွာရှောင်လမ်း ၈၂၈၂ ပေရှည်သော မြေသားလမ်းနှင့် ကျောက်ရောမြေ/ဂဝံခင်းခြင်းလုပ်ငန်း ဖောက်လုပ်နေမှုအခြေအနေများအား မေ ၁၂ ရက် ညနေပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။

     ဦးစွာ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးက လမ်း ဖောက်လုပ်သွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က လမ်းဖောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

    အဆိုပါလမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်းဖောက်လုပ်ပြီးစီးပါက ဒရယ်၊ ကလွီ၊ မုနိုင်း၊ တောင်စွန်းကျေးရွာများမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် အချိန်တိုအတွင်း သွားလာ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။