လယ်ယာမြေအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်)များ ထည့်သွင်းစိုက်ပျိုး

မြိတ်၊ စိုက်ပျိုးရေး

လယ်ယာမြေအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်)များ ထည့်သွင်းစိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မိုးစပါးစိုက်တောင်သူများသည် လယ်ယာမြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်လာပြီး သီးနှံစိုက်ပျိုးမှု ပိုမိုအောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်း ကောင်းမွန်လာစေရန်အတွက် လယ်ယာမြေများအတွင်း၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်)များ ထည့်သွင်းစိုက်ပျိုးထားခြင်းတို့ကို ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးမည့် တောင်သူများသည်လယ်ယာမြေများအား သာမန်ထက်မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာပြီး ပိုမိုကောင်းမွန်မှု ရှိလာစေရန် မိုးစပါးများစိုက်ပျိုးရန် လယ်ယာလုပ်ငန်းများ မစတင်မီအချိန်ကပင် တစ်လကြိုတင်၍ လယ်ယာမြေကွက်များ အတွင်းသို့ သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ထားရှိကြသည်။

သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်)များကို လယ်ယာတစ်ဧကလျှင် မျိုးစေ့လေးပြည်နှုန်း ကြဲပက်စိုက်ပျိုးကြပြီး မိုးစပါးများ စိုက်ပျိုးရန် လယ်ယာမြေများ ပြန်လည်ထွန်ယက်ရာ၌ အပင်သေများမြေသားအတွင်း ကျန်ရစ်ခဲ့သဖြင့် ၎င်းအပင်သေများ ပုပ်ပွနေမှုမှတစ်ဆင့် မြေယာအတွင်းမြေဆီလွှာဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေ၍မြေခံမြေဆီလွှာများ ပိုမိုကောင်းမွန်မှုရှိနေခြင်း တို့ကြောင့် မိုးစပါးစိုက်ပျိုးရာတွင် သီးနှံပင်များပိုမိုအောင်မြင် ဖြစ်ထွန်းကြပြီး အထွက်နှုန်းကိုလည်း တိုးတက်လာစေကြောင်း သိရသည်။

(၄၁၂)