ဆီးဂိမ်း Arnis ပြိုင်ပွဲ ပထမနေ့တွင် မြန်မာ Arnis အဖွဲ့ ရွှေတံဆိပ်စတင်ဆွတ်ခူး

ဆီးဂိမ်း Arnis ပြိုင်ပွဲ ပထမနေ့တွင် မြန်မာ Arnis အဖွဲ့ ရွှေတံဆိပ်စတင်ဆွတ်ခူး

(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ Arnis ပြိုင်ပွဲ ပထမနေ့ကို ယနေ့တွင်စတင်ကျင်းပရာ မြန်မာ Arnis ပြိုင်ပွဲ ပထမနေ့တွင် မြန်မာ Arnis အဖွဲ့ ရွှေတံဆိပ်စတင်ဆွတ်ခူး အဖွဲ့က ရွှေတံဆိပ်ဆု စတင်ဆွတ်ခူးရရှိခဲ့သည်။

မြန်မာ Arnis အဖွဲ့သည် ပထမနေ့တွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။အမျိုးသား  ၅၅-၆၀ ကီလိုတန်း ဖော့တုတ်ပြိုင်ပွဲတွင် စည်သူမောင်က ဗီယက်နမ်ကစားသမားကို အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး -၅၀ ကီလိုတန်း ဖော့တုတ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မိုးမိုးအေးက ဖိလစ်ပိုင်ကစားသမားကိုအရေးနိမ့်ပြီး ငွေတံဆိပ်ဆုရယူနိုင်ခဲ့ကာ ကြေးတံဆိပ်ဆုကိုမူ အမျိုးသမီး ၅၀-၅၅ ကီလိုတန်း ဖော့တုတ်ပြိုင်ပွဲတွင် သန္တာခိုင်က ရယူနိုင်ခဲ့သည်။

Arnis ပြိုင်ပွဲကို မေ ၁၅ ရက် (ယနေ့) တွင်ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။                            

ကိုညီလေး