ဆီးဂိမ်း Pool 9 Ball နှစ်ယောက်တွဲပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်နှင့်သော်ဇင်ထက်အတွဲ ရွှေတံဆိပ်ဆုရရှိ

ဆီးဂိမ်း Pool 9 Ball နှစ်ယောက်တွဲပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်နှင့်သော်ဇင်ထက်အတွဲ ရွှေတံဆိပ်ဆုရရှိ

(၃၂)ကြိမ်မြောက် ဆီးဂိမ်း Pool 9 Ball နှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့တွင် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမှ ဘုန်းမြင့် ကျော်(ခ)မောင်မောင်(ခ)အားတီနှင့် သော်ဇင်ထက်အတွဲ ရွှေတံဆိပ်ဆုရရှိခဲ့သည်။

ဗိုလ်လုပွဲတွင် မြန်မာနှင့်မလေးရှားအတွဲ ယှဉ်ပြိုင်ကစားရာ ဘုန်းမြင့်ကျော်နှင့်သော်ဇင် ထက်အတွဲက ၉-၃ ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ် သည်။ မြန်မာအတွဲသည် လက်ရည်အသာဖြင့် တောက်လျှောက်အသာစီးမှ ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲငယ်သုံးပွဲဆက်တိုက်အနိုင် ရရှိခဲ့သလို စတုတ္ထပွဲငယ်တွင် မလေးရှား အတွဲက  ပြန်လည်အနိုင် ရရှိသော်လည်း ပဉ္စမပွဲငယ်မှ နဝမပွဲငယ်အထိ ဆက်တိုက်အနိုင်ရသဖြင့် ၈-၁ ပွဲဖြင့် အပြတ်အသတ် ဦးဆောင်နိုင်ခဲ့သည်။ မလေးရှားအတွဲသည် ပွဲငယ်နှစ်ပွဲပြန် အနိုင်ရသော်လည်း ၁၂ ပွဲမြောက်ပွဲငယ်တွင် မြန်မာအတွဲက အနိုင်ရရှိကာ ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာအတွဲသည်  ကွာတားဖိုင်နယ်တွင် ဘရူနိုင်းအတွဲကို ၉-၇ ပွဲ၊ ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်အတွဲကို ၉-၇ ပွဲ၊ ဗိုလ်လုပွဲတွင် မလေးရှားအတွဲကို ၉-၃ ပွဲဖြင့် အနိုင်ရခဲ့ ခြင်းဖြစ်သည်။

ဆီးဂိမ်းဘိလိယက် အားကစားနည်းကို မေ ၇ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာဘိလိယက်အဖွဲ့က ရွှေတံဆိပ်သုံးခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် အအောင်မြင်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။          

             ကိုညီလေး