အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ကံမ၊ သက်မွေးပညာ

အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ   စက်ချုပ် သင်တန်းဖွင့်ပွဲ ကို မေ ၁၂ ရက် နံနက်ပိုင်းတွင် ဇလောင်းကျေးရွာအုပ်စု   ငန်းစပ်ကျေးရွာ၌ ဖွင့်လှစ်ကြောင်းသိရသည်။

ရှေးဦးစွာ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးက အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာမများက သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံသို့ အသီးသီး လွှဲပြောင်းပေး အပ်သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းသို့  မြို့နယ်အတွင်းရှိ ငန်းစပ်ကျေးရွာ၊  ဇလောင်း (တောင်)ကျေးရွာ၊ ဇလောင်း(မြောက်)ကျေးရွာတို့မှ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံစက်ချုပ်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြ ဆရာမနှစ်ဦးက စာတွေ့လက်တွေ့နှစ်မျိုးဖြင့် မေ ၁၂ ရက်မှ ဇွန် ၁၂ ရက် အထိ တစ်လကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။          

မောင်ခိုင်