ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲကျင်းပ

ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲကျင်းပ

ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်)၏ (၆၆)နှစ်မြောက် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျိုင်းတုံမြို့  ဗုဒ္ဓဥယျာဉ်တော်၌  ကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်  ၆၇  ပါးတို့က  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)အား ဓမ္မာရုံ၌  ဆုတောင်းတရားတော်များ၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော် ၆၇ ပါးအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ လောင်းလှူကြသည်။

ဆက်လက်၍  ဗုဒ္ဓဥယျာဉ်ရှိ  ဓမ္မာရုံ၌ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရပဓာနနာယက  အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်)၏ (၆၆)နှစ်မြောက် ဝိဇာတမွေးနေ့ဆုတောင်းအတွက် ဆရာတော်၊ သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသောဧည့်ပရိသတ်တို့က အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မူဆယ်မြို့ တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒထံမှ  ငါးပါးသီလခံယူ ဆောက်တည်ကြ၍ ဆရာတော်၊    သံဃာတော်ကြီးများက မေတ္တသုတ် ရွတ်ပွား ပူဇော်ပေးသည်။

ထို့နောက်   ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က   အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ   ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)အား  နဝကမ္မအလှူငွေများ လှူဒါန်းပေးကြပြီး မူဆယ်မြို့ တောင်တန်းသာသနာပြုဆရာတော်  အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒထံ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်)က ရွှေမိုး၊ ငွေမိုးများရွာသွန်းပေးသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်ကြီးများအား  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့်ဇနီး၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်   ဌာနဆိုင်ရာများ နှင့် တာဝန်ရှိသူတို့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။