ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး၊ ပျက်စီးမှုများကို ရှင်းလင်းခြင်းနှင့် ထောက်ပံ့မှုများပြုလုပ်

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး၊ ပျက်စီးမှုများကို ရှင်းလင်းခြင်းနှင့် ထောက်ပံ့မှုများပြုလုပ်

 

နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ခစဖ(ဖျာပုံ)ဥက္ကဋ္ဌ ဦးတင်လင်း၊ ခစဖ(ဖျာပုံ) အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး နိုင်လင်းနှင့်အဖွဲ့သည် မေ ၁၄ ရက်  နံနက်ပိုင်းက ဘိုကလေးမြို့ အမှတ်(၈)ရပ်ကွက် (၃)လမ်းရှိ ဇမ္ဗူဒီပရတနာကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်  ဘဒ္ဒန္တအရှင်တေဇအား လှူဖွယ်ဝတ္ထုနှင့် သင်္ကန်းခြင်းအားဆက်ကပ်လှူဒါန်းကာ  ၎င်းင်းကျောင်းတိုက်ရှိ မုန်တိုင်းဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံ၍ ဆန်လေးအိတ်၊ ခေါက်ဆွဲခြောက်နှစ်ဖာ၊ ကြက်ဥ ၅၀၀ လုံးနှင့်   ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

ကော့မှူးမြို့နယ်  အဖျောက်ကျေးရွာ၌  လေပြင်းတိုက်ခတ်မှုကြောင့်  ကျိုးပဲ့သွားသော ဓာတ်တိုင်များ ရှင်းလင်းခြင်း လုပ်ငန်းအား တပ်မတော်လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်မှူးဇော်မျိုးမြင့်ဦးစီး၍ မေ ၁၄ ရက်က ရှင်းလင်း ဆောင်ရွက်ခဲ့သည်။

 

သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်အတွင်း  မေ ၁၄  ရက်က   လေပြင်းတိုက်ခတ်မှုကြောင့်   ကျိုးကျခဲ့သော သစ်ကိုင်းများ၊ အုန်းလက်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊    မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား  ၃၅  ဦးဖြင့်   ဆောင်ရွက်ခဲ့သည်။  

 

မော်လမြိုင်ကျွန်းမြို့နယ် ကျားဟုန်းအုပ်စု ကျားဟုန်းကျေးရွာ ဓမ္မာရုံနတ်လမ်း၌ မေ ၁၄ ရက်က လေပြင်းတိုက်ခတ်မှုကြောင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

မေ ၁၄ ရက်က တွံတေးခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ်၌  ရပ်ကွက်များအတွင်း လေပြင်းတိုက်ခတ်ခဲ့သဖြင့် သစ်ပင်များလဲခြင်း၊ သစ်ကိုင်းကျိုးခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖယ်ရှား ရှင်းလင်းလျက်ရှိသည်။

 

စစ်တွေမြို့ ဆက်သွယ်ရေးရုံးရှေ့တာဝါတိုင် မေ ၁၄ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည်။

 

စစ်တွေစက်ရုံ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ၁၀၀ Meter မေ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည်။

 

မေ ၁၃ ရက်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ နေအိမ်များ ပျက်စီးပြိုလဲခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

မေ ၁၃ ရက်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ လူနေအိမ်သုံးလုံး ပြိုကျပျက်စီးခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က နေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်း၊ ပစ္စည်းတန်ဖိုးငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။                  

 

မေ ၁၄ ရက်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ မြစိမ်းရပ်ကွက်၌  နေအိမ်နှစ်လုံး ပြိုကျပျက်စီးခဲ့၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ခဲ့သည်။