ညောင်ရွှေမြို့ မင်္ဂလာဈေးကို ဈေးအင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေးစစ်ဆေး

ညောင်ရွှေ၊ ဒေသဖွံ့ဖြိုးရေး

ညောင်ရွှေမြို့ မင်္ဂလာဈေးကို ဈေးအင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေးစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ မင်္ဂလာဈေးကို   ဈေးအင်္ဂါရပ်နှင့်ညီညွတ်မှုရှိစေရေးအတွက် မေ ၁၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ကိုကို၊ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတင့်ဝေနှင့် တာဝန်ရှိသူ များက မင်္ဂလာဈေးအတွင်း ရေကြီးရေလျှံမှုမရှိစေရေး ရေနုတ်မြောင်းများ  စနစ်တကျ ဖောက်လုပ် ထားခြင်းရှိ၊ မရှိ ၊ အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ခြင်းရှိ၊ မရှိ၊ ဈေးရုံများတွင် မီးဘေးအန္တရာယ်အတွက် မီးသတ်ဆေးဘူူးများ ချိတ်ဆွဲထားခြင်းနှင့်  သက်တမ်းကျော်လွန်ခြင်းရှိ၊ မရှိ၊  ဈေးရောင်းဈေးဝယ်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ရောင်းချခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ညောင်ရွှေမြို့ရှိ မင်္ဂလာဈေးသည် အင်းလေးဒေသမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ သားငါးများကို ဖြန့်ဖြူးရောင်းချရာ ဈေးတစ်ခုဖြစ်ကြောင်း၊ ဈေးအင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် ဈေးရုံများကို အဆင့်မြှင့်တင်ခြင်း၊  ဈေးအတွင်းအပြင်  သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက်   သက်ဆိုင်ရာ ဈေးတာဝန်ခံ များက နေ့စဉ်စစ်ဆေးကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ညောင်ရွှေမြို့နယ် စည်ပင် သာယာရေးဌာနမှ သိရသည်။            

ကျော်ဇောဦး(မောရှမ်းမြေ)