အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာခြင်း

အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာခြင်း

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃)ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များ အနေဖြင့် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

မြန်မာကျပ်ငွေများကို  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ၊ OA-011834သို့ လည်းကောင်း၊ နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ)ကို Natural Disaster Management Fund? 1DA-0300086 သို့ လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူပစ္စည်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များတွင် လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ