ရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်းဆောင်ရွက်ပြီးစီး

ဖြူး၊ ဒေသဖွံ့ဖြိုးရေး

ရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်းဆောင်ရွက်ပြီးစီး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခင်ရှည်ကျေးရွာ၌   ရွာတွင်းလမ်းကျောက်ရော မြေခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးနေမှု အခြေအနေများကို မြို့နယ်ဦးစီးမှူးနှင့်အင်ဂျင်နီယာဝန်ထမ်းများက မေ ၁၅ ရက်တွင် ကွင်းဆင်း စစ်ဆေးကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူခင်ရှည်ကျေးရွာ၌ ကျေးရွာတွင်း လမ်းကျောက်ရောမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီ ဝင်များ၊ ကျေးရွာသူ၊  ကျေးရွာသားများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးလုပ်ငန်းများ   ရေရှည်အသုံးပြုနိုင် ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းမှ အသုံးစရိတ်များအား ကျေးရွာပြည်သူ များသို့ ချပြရှင်းလင်းပေးကာ ရွာတွင်းလမ်းကျောက်ရော မြေခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု ဆိုင်ရာ အချက်အလက်များကို ကျေးရွာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

ဖြူးမြို့နယ် ခင်ရှည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရရှိငွေမှ သုံးစွဲခွင့်ရှိသောငွေကျပ် ၈၅ သိန်း အသုံးပြုပြီး အရှည်ပေ ၂၆၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်း လမ်းကျောက်ရော မြေခင်းခြင်းလုပ်ငန်းကို ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာ ဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာပြည်သူလူထု ကိုယ်တိုင်ဆောင်ရွက်ခဲ့ရာ မေ ၁၄ ရက်တွင်လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း ဖြူးမြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးအောင်ထံမှ သိရသည်။  

 ကိုညို(ကျေးလက်)