လျှပ်စစ်သုံး မော်တော်ယာဉ်များ မြန်မာ့စက်မှု ဆိပ်ကမ်း (MIP)သို့ ရောက်ရှိ

လျှပ်စစ်သုံး မော်တော်ယာဉ်များ မြန်မာ့စက်မှု ဆိပ်ကမ်း (MIP)သို့ ရောက်ရှိ

နေပြည်တော်  မေ  ၁၅

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့် Myanmar Brilliance Auto Co.,Ltd.မှ တင်သွင်းလာသော HAIMA 7X-E  အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် နှစ်စီးသည် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိလာပါသဖြင့် ယနေ့တွင်  လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်းနှင့်  အဆိုပါ လျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။