အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၂၀/၂၀၂၃ )

၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်

( ၂၀၂၃ ခုနှစ်၊ မေလ  ၁၆  ရက် )

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုခြင်း

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကံသာရပ်၊ တိတ်နန်းတံတားအနီး၊ ရုံးကြီးလမ်းတွင် ပါတီ ရုံးချုပ် ဖွင့်လှစ်ထားရှိသော အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)၏ မှတ်ပုံတင် အမှတ်မှာ (၁၅) ဖြစ်ပါသည်။

 

          ( ပုံ ) သိန်းစိုး

          ဥက္ကဋ္ဌ

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်