မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  မေ  ၁၆

 

မေ ၁၈ ရက်မှ မေ ၂၀ ရက်အထိ နေပြည်တော်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၃)ကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံး အမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ  ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ ဖြစ်သည့်  ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပေးကြရန်နှင့် လိုအပ်ချက်များ ရှိပါက  အချိန်မီပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက်  တက်ရောက်လာသည့် ဆက်စပ်ဝန်ကြီးဌာနများမှ လုပ်ငန်းကော်မတီဝင်များနှင့် ပညာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍   ဝိုင်းဝန်းဆွေးနွေး အကြံပြုကြကာ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)က ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။