မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိသည့် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး

မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိသည့် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် မေ ၁၆

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည်   ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏  မြန်မာနိုင်ငံဆိုင်ရာ  ကိုယ်စားလှယ်အသစ် Ms. Noriko Takagi ကို ယနေ့နံနက်  ၁၀  နာရီတွင်   နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌   လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အသစ်က မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက်  ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိသည့်ကိစ္စနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများမှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးတို့အတွက် မြန်မာ အစိုးရ၏ ဆောင်ရွက်ချက်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။