ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်တွေမြို့မှ ဒေသခံ ပြည်သူများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အနုပညာရှင်များ လာရောက်အားပေးတွေ့ဆုံ

စစ်တွေ မေ ၁၇

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်တွေမြို့မှ ဒေသခံ ပြည်သူများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အနုပညာရှင်များ လာရောက်အားပေးတွေ့ဆုံ

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဒေသခံပြည်သူများကို အားပေးကူညီရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ အနုပညာရှင်များ ပါဝင်သောအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် လေကြောင်း ခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။

အနုပညာရှင်များ ပါဝင်သောအဖွဲ့အား ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ စစ်တွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ ကြသည်။

အဆိုပါအဖွဲ့သည် စစ်တွေမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေးစခန်း၊ မဏိရတနာဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနှင့် ကျေးတောပိုက်ဆိပ် ကျေးရွာ ဆိုင်ကလုန်း  Shelter အဆောက်အအုံတွင်  ခိုလှုံနေထိုင်ကြသော ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားများ ပြောကြားပြီး ဆရာတော် အရှင်ဆေကိန္ဒလှူဒါန်းသည့် ဆေးဝါးပစ္စည်းများနှင့်   ရိက္ခာခြောက်များအား ဘေးသင့်ပြည်သူများထံ လက်ဝယ် အရောက်ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် စစ်တွေမြို့ သာသနာ့ဗိမာန်တော်တွင် ကျင်းပသည့် ဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးကြသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဝင်ရောက်တိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဒေသခံပြည်သူများအား အားပေးကူညီရန်လာရောက်သော အနုပညာရှင် များအဖွဲ့တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ အနုပညာရှင်များ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အနုပညာရှင်များ စုစုပေါင်း အဖွဲ့ဝင် ၄၅ ဦးပါဝင် ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)