နိုင်ဂျီးရီးယားစားဖိုမှူးတစ်ဦးက နာရီ ၁၀၀ ကြာ မရပ်မနားချက်ပြုတ်ခြင်းဖြင့် ကမ္ဘာ့စံချိန်တင်

နိုင်ဂျီးရီးယားစားဖိုမှူးတစ်ဦးက နာရီ ၁၀၀ ကြာ မရပ်မနားချက်ပြုတ်ခြင်းဖြင့် ကမ္ဘာ့စံချိန်တင်

နိုင်ဂျီးရီးယားနိုင်ငံရှိ အမျိုးသမီးစားဖိုမှူးတစ်ဦးက အစားအသောက်များကို နာရီ ၁၀၀ ကြာသည်အထိ မရပ်မနားချက်ပြုတ်ခြင်းဖြင့် ကမ္ဘာ့စံချိန်တင်လိုက်နိုင်ကြောင်း သိရသည်။

လာဂို့မြို့တော်၌ နေထိုင်သည့် ဟေဒါဘက်ဆေးအမည်ရှိစားဖိုမှူးသည် မေ ၁၁ ရက်မှစ၍ အစားအသောက်များကို ချက်ပြုတ်ခဲ့ခြင်းဖြစ်ပြီး နာရီ ၁၀၀ အကြာ မေ ၁၅ ရက်ညပိုင်းတွင် ချက်ပြုတ်ခြင်းကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

ဟေဒါဘက်ဆေးသည် ၎င်း၏စွမ်းဆောင်ရည်ကို   နိုင်ဂျီးရီးယားနိုင်ငံကသာမက နိုင်ငံတကာကပါ အသိအမှတ်ပြု ဆွဲဆောင်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ချက်ပြုတ်ခြင်း ဖြစ်သည်။

အသက်  ၂၇  နှစ်သာရှိသေးသည့် ဟေဒါဘက်ဆေးသည် ပြည်တွင်း အစားအသောက်များကို သာမက ပြည်ပမှအစား အသောက်များကိုပါ ချက်ပြုတ်ခဲ့ခြင်းဖြစ်သည်။

၎င်း၏စွမ်းဆောင်ရည်ကို နိုင်ဂျီးရီးယားသမ္မတ မူဟမ်မာဒူဘူဟာရီနှင့် နိုင်ငံရေးသမားအများအပြားအပြင် လူသိများထင်ရှားကျော်ကြားသူများက လာရောက်အားပေးချီးကျူးဂုဏ်ပြုသည်။

ဟေဒါဘက်ဆေးမတိုင်မီ အချိန်အကြာဆုံး ချက်ပြုတ်နိုင်သည့်စားဖိုမှူးမှာ အိန္ဒိယနိုင်ငံမှ လာတာတန်ဒန်ဖြစ်ပြီး ကြာချိန် ၈၇ နာရီနှင့် ၄၅ မိနစ်ဖြင့် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

Ref: CNA