၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ တပ်မတော် စစ်သမိုင်းပြတိုက် သို့လေ့လာ

၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ တပ်မတော် စစ်သမိုင်းပြတိုက် သို့လေ့လာ

နေပြည်တော်၊ မေ - ၁၈

          ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်း စခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

အဆိုပါ ရေကြောင်းလူငယ်၊လေကြောင်းလူငယ် သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက် (နေပြည် တော်)သို့သွား ရောက်လေ့လာကြရာ တပ်မတော်(ကြည်း) ပြကွက်၊ တပ်မတော်(ရေ)ပြကွက်၊ တပ်မတော်(လေ)ပြကွက်နှင့် ပြင်ပပြကွက်များကို တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြပြီး သင်တန်းသားများ၏ သိရှိလိုသည်များ မေးမြန်းမှုကို ​တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။