ရသေ့တောင်တပ်နယ်၊ ပုဏ္ဏားကျွန်းတပ်နယ်နှင့် မောင်တောမြို့နယ် နယ်မြေခံရဲ တပ်ဖွဲ့ခွဲတို့ရှိ မုန်တိုင်းကြောင့် ပျက်ဆီးမှုများအား ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်း၊ ဒုံးပိုက်ကျေးရွာ ကျေးရွာသူ/ကျေးရွာသားများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်

ရသေ့တောင်တပ်နယ်၊ ပုဏ္ဏားကျွန်းတပ်နယ်နှင့် မောင်တောမြို့နယ် နယ်မြေခံရဲ တပ်ဖွဲ့ခွဲတို့ရှိ မုန်တိုင်းကြောင့် ပျက်ဆီးမှုများအား ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်း၊ ဒုံးပိုက်ကျေးရွာ ကျေးရွာသူ/ကျေးရွာသားများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ မေ - ၁၈

        ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်တပ်နယ်၊ ပုဏ္ဏားကျွန်းတပ်နယ်နှင့် မောင်တောမြို့ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲသို့ သွားရောက်၍ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် အဆောက် အဦများ၊ နေအိမ်လိုင်းခန်းပျက်ဆီးမှုများအားကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

        ထို့နောက် အဆိုပါတပ်နယ်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ခွဲတို့ရှိ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး စည်သွပ်ဘူးများ၊ ကြက်ဥ ၊ ခေါက်ဆွဲခြောက် ဖာများနှင့် စားကုန်ပစ္စည်းများ၊ မိုးကာတဲနှင့် တာပေါ်လင်စများနှင့် လူသုံးကုန်ပစ္စည်း များ ထောက်ပံ့ပေးအပ်ကြသည်။

        ဆက်လက်၍ အဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ ဘုန်းတော် ကြီးကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ ဆားနှင့် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တပ်မတော်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးသည်။   ယင်းနောက်  အဖွဲ့ဝင်များသည်   ကျေးရွာအတွင်း နေအိမ်ပျက်ဆီးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေအိမ်များပြန်လည်ပြုပြင် ရန်အတွက် လိုအပ်သည်များအား ရပ်မိ/ရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ၎င်းနောက် စစ်တွေမြို့တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းကြောင့် ပြိုလဲ ကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဖယ်ရှားခြင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု၍ ရှင်းလင်းဖယ်ရှား ဆောင်ရွက်ပြီးသည့် နေရာများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်နေရာများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။