ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျ

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင်  စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊  ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၅၄ ဦး သေဆုံးခဲ့

နေပြည်တော်၊ မေ - ၁၈

        ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင်  တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။

        ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အသေးစိတ်ထပ်မံစီစစ်ခဲ့ရာ မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းထိရရှိသော စာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ရွာမှ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင် ကျောင်း ၃ ကျောင်း၊ လေဆိပ်အဆောက်အဦ ၁ ခု၊ ဓာတ်မီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာအဆောက်အဦ ၁ လုံး၊ အုတ်နံရံ ၁ ခု၊ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၄ ရွာမှ လူနေအိမ် ၁၂၉ လုံး၊ သာသနိက အဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင် ကျောင်း ၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂ ခု၊ ဓာတ်မီးတိုင် ၄ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၀ ခု၊ ဘောလုံးကွင်း ၁ ကွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ လူနေအိမ် ၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၆ တိုင်၊ ဓာတ်မီးတိုင် ၂ တိုင်၊ ထရန် စဖော်မာ ၁ လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊ တံတား ၃ စင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၂ ရွာမှ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၁ တိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ၃၄ ရွာမှ လူနေအိမ် ၄ လုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊ တံတား ၁ စင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ သာသနိကအဆောက် အဦ ၄ ခု၊ မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄ ရွာမှ လူနေအိမ် ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ မြို့နယ် ၁၇ မြို့ နယ်မှ လူနေအိမ် ၁၈၂၅၉၈ လုံး၊ ရုံး ၃၀၀ လုံး၊ စာသင်ကျောင်း ၁၃၅၂ လုံး၊ ဆေးရုံ၊ ဆေးခန်း ၂၂၀ လုံး၊ ဘာသာရေးအဆောက်အဦ ၁၇၀၁ လုံး၊ အခြား ပျက်စီးမှု ၁၀၁၄ ခု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ လူနေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၇ ကျောင်း၊ ဆက်သွယ်ရေး တာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၆၀ တိုင်၊ ထရန်စဖော်မာ ၂ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၆ လုံး၊ ဘောလုံးကွင်း ၂ ကွင်း၊ အုတ်တံတိုင်း/နံရံ ၃၄ ခု၊ ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာမှ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၅ ခု၊ ဓာတ်မီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃ လုံး၊ အခြား ပျက်စီးမှု ၄ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်၍ မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအထိ ရရှိသောစာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်  စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊  ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၅၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။