မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပ

နေပြည်တော်  မေ  ၁၈

    မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃)ကို ယနေ့မှ မေ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိသည်။

ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါညီလာခံသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက်ရောက်၍ Keynote Speech ပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ   ပညာရေး ညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ  “ ြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ပိုမိုတိုးတက် ကောင်းမွန်စေရေး” ဦးတည်ချက်ဖြင့်  ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်ခြင်းသည် ပညာရှာမှီးသူ ပုဂ္ဂိုလ်များကိုသာမက လူ့အသိုင်းအဝိုင်းနှင့် မျက်မှောက်ကမ္ဘာကြီး တစ်ခုလုံး၏ အနာဂတ်ကို  ပုံဖော်နေခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးအတွက် ပညာရေး နိမ့်ကျနေမှုကို ကုစားနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ပြီး ပညာရေး တိုးတက်အောင် မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများ ပေါ်ထွက်လာအောင် ဆွေးနွေးရေးသည် ယခုပညာရေး ညီလာခံကြီး ကျင်းပရန် ဖြစ်ပေါ်လာသည့် အကြောင်းတရား တစ်ခုဖြစ်ကြောင်း၊  နိုင်ငံတော်ဝန်ကြီးချုပ်က ညီလာခံကြီး ကျင်းပရသည့် ရည်ရွယ်ချက် ခုနစ်ချက်ကို လမ်းညွှန်ပေးခဲ့ကြောင်း။

ယင်းခုနစ်ချက်မှာ- (၁) ပညာရေးတန်းစဉ် ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းရှာရန်၊ (၂)  KG +9 ပညာရေးကို အမျိုးသားရေး ကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး/ပြည်နယ်အားလုံး ဆောင်ရွက်ရန်၊(၃) အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် KG+10? 11? 12 တွင် စိုက်ပျိုး၊ မွေးမြူရေး၊ နည်းပညာရပ်များ သင်ကြားရေး၊ (၄) လုပ်ငန်းခွင်   လက်တွေ့ အသုံးကျမည့် စိုက်ပျိုး၊   မွေးမြူရေး၊   စက်မှုသိပ္ပံများ ထိရောက်စွာ သင်ကြားရန် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး၊  (၅)အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့်  သင်ကြားရေး၊ (၆) ဝိဇ္ဇာ၊ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေး၊ (၇) လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ ်ရှိစေရေးတို့ ဖြစ်ကြောင်း။ နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက် ရေးနှင့် အနည်းဆုံး KG +9ပြီးမြောက်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော် လျက်ရှိကြောင်း၊  စာရင်းဇယားများအရ ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူး ပြောင်းမှု နည်းပါးနေကြောင်း တွေ့ရသည့်အတွက်  ကုစားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာပြီး အနည်းဆုံး  ုွ+၉ ပြီးဆုံးသည်အထိ   တက်ရောက်ရေးကို အမျိုးသားရေ တာဝန်တစ်ရပ်အဖြစ် ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်နေကြောင်း၊ ခရိုင် ၅၀ တွင် ယခုဇွန်လမှစတင်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်း အသစ်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ထိုကျောင်းများတွင် သုံးနှစ်တက်ရောက်ပြီး လုပ်ငန်းခွင်ဝင်ရောက် နိုင်ကြသကဲ့သို့ ထးချွန်သူများ အနေဖြင့်လည်း အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးခွင့် ရရှိမည်ဖြစ်ကြောင်း၊ သက်မွေးအခြေခံပညာများ တတ်မြောက်ပြီး တန်ဖိုးမြှင့်  ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းအားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းမြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)   အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပညာရေးတိုးတက်မြင့်မားရေးတွင် အဟန့်အတားဖြစ်နေသော အကြောင်းရင်းများကို ဆွေးနွေးအဖြေရှာပြီး ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးအကြံပြု ဖော်ထုတ်ကြစေလိုကြောင်း၊  မြန်မာနိုင်ငံ အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်တိုက်တွန်းရင်း ပညာရေး ညီလာခံကြီး အောင်မြင်စေရန်   ဆန္ဒပြုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ကိုကျင်းပရာ   စကားဝိုင်း ဆွေးနွေးပွဲ-၁ (Panel Discussion-1 တွင် သြိနမအေသမ အဖြစ် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ Moderator  များအဖြစ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်   ပါမောက္ခချုပ် ဦးအောင်သိုက်ထွန်း၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊  မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းတို့က ဆောင်ရွက်ကြပြီး “ကျောင်းတက်သူဦးရေတိုးတက်ရေးနှင့်  အနည်းဆုံး  KG+9 ပြီးမြောက်ရေးနည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စကားဝိုင်း ဆွေးနွေးပွဲ-၂    (Panel Discussion-2 ) တွင် Moderator  အဖြစ် ပညာရေးဝန်ကြီး ဌာန   မကွေးတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာခင်မောင်ဦး၊ Panelist များအဖြစ်  သယံဇာတနှင့်  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ    တက္ကသိုလ်ပါမောက္ခချုပ်    ဒေါက်တာခင်မောင်ဆင့်၊ ပညာရေးဝန်ကြီးဌာန ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန   ရန်ကုန် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြမြဦးနှင့် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း တို့ကဆောင်ရွက်ကြပြီး “အဆင့်မြင့်ပညာ ကဏ္ဍတွင် ဘာသာရပ် ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း တိုးတက်မြင့်မားမှုကို အထောက်အကူပြုစေမည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လုံလောက်စွာ မွေးထုတ်ရေး နည်းလမ်းများဖော်ထုတ်ခြင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း၊

စကားဝိုင်းဆွေးနွေးပွဲ-၃   (Panel Discussion3)တွင်    Moderatorအဖြစ် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန   အမြဲတမ်းအတွင်းဝန်   ဒေါက်တာစိုင်းကျော်နိုင်ဦး၊ Panelists များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်း၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာဇော်ဝင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာဌေးသွင် တို့ကဆောင်ရွက်ကြပြီး ]] ုွ+၉ အလွန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာ

နှင့် အသက်မွေး ဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက်   ဆောင်ရွက်သင့်သည့် နည်းလမ်းများဖော်ထုတ်ခြင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသူများကလည်း တက်ကြွစွာ ပါဝင်မေးမြန်းခြင်း၊   ဆွေးနွေးအကြံပြုခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။