“ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဟူသည့်အတိုင်း ယခုလို ငယ်စဉ်ဘဝတွင်ရရှိခဲ့သည့် အချင်းချင်း ချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတာဝန်များကို လက်တွဲညီညီ ဆောင်ရွက်သွားကြရန်လို

“ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဟူသည့်အတိုင်း ယခုလို ငယ်စဉ်ဘဝတွင်ရရှိခဲ့သည့် အချင်းချင်း ချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတာဝန်များကို လက်တွဲညီညီ ဆောင်ရွက်သွားကြရန်လို

နေပြည်တော်၊ မေ - ၁၉

ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် “ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဟူသည့်အချက်ကို လူမှုရေးဦးတည်ချက်တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ လူငယ်လူရွယ်များ၏ စာရိတ္တ မဏ္ဍိုင်မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထွန်းကားရေး၊ အသင်းအဖွဲ့စိတ်ဓာတ်များ ဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိစေရေး အစရှိသည့် ကဏ္ဍအသီးသီးတိုးတက် အောင်မြင် မှုရရှိအောင် အစိုးရအနေဖြင့် ဆောင်ရွက်ပေးနေခြင်းသည် တိုင်းပြည်၏ လူသားအရင်း အမြစ်များ ရှင်သန် ခိုင်မာအောင်ပင်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့၏အနာဂတ် နိုင်ငံတော် ကြီးသည် လူသားအရင်းအမြစ်ကောင်းများ၏ ကြိုးစားအားထုတ်မှုနှင့်အတူ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိမှာပင်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ်တန်းအဆင့်)(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူ များနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြော ကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်း လူငယ် မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်တာကာလများတွင် မိမိတို့၏ကိုယ်ပိုင် အချိန်များကို အကျိုးမဲ့မဖြစ်စေဘဲ အနာဂတ်ကာလတွင် မိမိ၏ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ရေကြောင်းနှင့်လေကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းအသီးသီးကို တက်ရောက်ခဲ့ကြသည့် မောင်မယ်များကို တွေ့ဆုံဂုဏ်ပြု အမှာ စကားပြောကြားရသည့်အတွက် ဝမ်းသာပီတိဖြစ်ကြောင်းကို ဦးစွာပြောကြားလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို  ရေကြောင်းပညာနှင့် လေကြောင်း ပညာကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာ စေရန် ရည်ရွယ်ပြီး ယခုလို သင်တန်းများကို တပ်မတော်အနေဖြင့် ဖွင့်လှစ်ပေးနေခြင်းပင် ဖြစ်ကြောင်း။

ပြည့်အင်အားဟူသည် ပြည်တွင်း၌သာရှိသောကြောင့် မောင်တို့ မယ်တို့ သည် လည်း အနာဂတ်နိုင်ငံတော်အတွက် အင်အားသစ်များကို ဖြည့်ဆည်းပေးကြမည့် တိုင်း ပြည်၏ ဖန်တီးရှင်များပင်ဖြစ်ကြောင်း၊  ကျန်းမာသန်စွမ်း ဖျတ်လတ်မှုများနှင့် ပြည့်စုံနေ သည့် လူငယ်ဘဝတွင် မိမိတို့ဝါသနာပါကြသည့် ပညာရပ်အသီးသီးကို လေ့လာပြီး နွေရာသီ ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိရှိအသုံးချခဲ့သည့်အတွက် မိဘဆွေမျိုး များအနေဖြင့်လည်း ဝမ်းသာဂုဏ်ယူနေကြမည်ဆိုသည်ကို ယုံကြည်မိပါကြောင်း၊ သင်တန်း ကာလအတွင်း သင်ခန်းစာဘာသာရပ်များမှ ဗဟုသုတ အတွေ့အကြုံများကို ရရှိစေခဲ့သကဲ့သို့ လူငယ်အချင်းချင်း မိတ်ဆွေ အပေါင်းအသင်း ဖြစ်ခွင့်များကိုပါ ရရှိစေ ခဲ့ပြီး ချစ်ခင်ရင်းနှီးမှုများ တိုးပွားစေခဲ့မည်ဖြစ်ကြောင်း၊ “ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဟူသည့်အတိုင်း ယခုလို ငယ်စဉ်ဘဝတွင်ရရှိခဲ့သည့် အချင်းချင်း ချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတာဝန်များကို လက်တွဲညီညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်းအသီးသီးကို ရက်သတ္တပတ် ၄ ပတ် တာဖွင့်လှစ်ခဲ့ပြီး သိသင့်သိထိုက်သည့် ရေကြောင်းနှင့်လေကြောင်းပညာရပ်များ အပြင် အခြေခံစစ်ပညာဖြစ်သည့် စစ်ရေးပြဘာသာရပ်များကိုပါ လေ့ကျင့်သင်ကြား ပေးခဲ့သည် ကို တွေ့ရှိရကြောင်း၊ အမိန့်နာခံတတ်မှုနှင့် စည်းကမ်းစနစ်တကျရှိမှုများကို ဖော်ပြနေ သည့် စစ်ရေးပြဘာသာရပ်သည် မဖြစ်မနေသင်ယူသင့်သည့် အခြေခံ စစ်ပညာ ဘာသာ ရပ် တစ်ခုပင်ဖြစ်ကြောင်း။

ရေကြောင်းပညာရပ်တွင် အခြေခံရေတပ်သားဘာသာရပ်များ၊ ရေကြောင်း လမ်းညွှန်အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒ ဆိုင်ရာများ၊ အခြေခံရေကူးနှင့် လှေလှော်၊ ရွက်တိုက်ဘာသာရပ်များကိုလည်း မောင်တို့မယ်တို့ အနေဖြင့် လေ့လာသင်ကြားခဲ့ကြပြီးဖြစ်ကြောင်း။

လေကြောင်းပညာရပ်တွင် လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံ သဘောတရားများ၊ လေယာဉ်တည်ဆောက်မှု အခြေခံသဘောတရားများ၊ လေယာဉ် ပုံစံငယ် တည်ဆောက်မှုအခြေခံများ၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း စသည့် ဘာသာရပ်များကို လေ့လာသင်ကြားခဲ့ကြပြီး ဖြစ်ကြောင်း။

ပညာရပ်အသီးသီးတွင် မြေပြင်မှာကြုံတွေ့ရသည့် အခြားသော ပညာရပ်နှင့် မတူညီဘဲ ကျယ်ပြန့်နက်ရှိုင်းမှုများ ရှိနေကြခြင်းကို မောင်တို့မယ်တို့ တွေ့ရှိခဲ့ကြရပြီး ဖြစ်ကြောင်း။ ခက်ခဲနက်နဲမှုများ ရှိလေလေ ရရှိသည့်အောင်မြင်မှု အသီးအပွင့်များ သည်လည်း တန်ဖိုးရှိလေလေ ဖြစ်ခြင်းကြောင့် မောင်တို့မယ်တို့အနေဖြင့် သင်တန်း ကနေရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို ဆက်လက်အသုံးချနိုင်ရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ယခုလို သင်တန်းတက်ရောက်ခွင့်ရသည့် အတွက်ကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဆောင်ရွက်မှုများကိုပါ မောင်တို့မယ်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ ရေပြင်/ ဝေဟင် တန်ဖိုးကို သိနားလည်၍ ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်သည့် နိုင်ငံများသည် ရေကြောင်းနှင့် လေကြောင်းပညာရပ်များကို စဉ်ဆက်မပြတ် ခေတ်နှင့်အညီ လေ့လာဖော်ထုတ် သုတေ သနပြုပြီး ကာကွယ်ရေးစွမ်းအားအတွက်သာမက အမျိုးသားအကျိုးစီးပွား အတွက်ပါ  မြှင့်တင်နိုင်အောင် ယှဉ်ပြိုင်ကြိုးစားလျက်ရှိကြောင်း၊ ကာကွယ်ရေး စွမ်းအားတောင့်တင်း ခိုင်မာခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုလျက်ရှိနေခြင်းကြောင့် မောင်တို့မယ်တို့  သင်ယူခဲ့ရသည့်ပညာရပ်အသီးသီး၏ တန်ဖိုး ကို သိရှိနားလည် တန်ဖိုးထားကြရန် လိုအပ်ကြောင်း။

ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏ အားကသာ နိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ် များဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝနှလုံးရည်လှ သူတိုင်း သည် အရာရာကို အကောင်းအဆိုးခွဲခြားနိုင်စွမ်းရှိခြင်းကြောင့် ပညာ၏ အရေးပါမှုကို သိနားလည်ပြီး မိမိတို့၏ ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် ဂရုပြုနိုင်စွမ်း ရှိကြ ကြောင်း၊ မိမိတို့တစ်ဦးချင်း၏ ဘဝလမ်းကြောင်း၊ မိမိ မိသားစု၏ အနာဂတ် လမ်းကြောင်းကို တည့်မတ်ဖြောင့်မတ်အောင် ထိန်းကျောင်းနိုင်မှသာလျှင် မိမိနိုင်ငံတော် ကိုလည်း မယိမ်းမယိုင်အောင် ကာကွယ်စောင့်ထိန်းနိုင်သူများ ဖြစ်လာ ကြမှာဖြစ် ကြောင်း၊ စာအုပ်စာပေများသည် လူသားတို့၏ မိတ်ဆွေများပင်ဖြစ်ကြောင်း၊ စာအုပ် စာပေ များထဲက လူသားတို့အတွက် မှန်ကန်သည့် အသိဉာဏ်ရင့်သန်မှုကို ပေးနိုင်စွမ်းရှိ၍ မောင်တို့မယ်တို့အနေဖြင့် စာကောင်းပေမွန်များကို ရွေးချယ် ဖတ်ရှုတတ်ရန် လိုအပ် ကြောင်း၊ ငယ်စဉ်ဘဝ ကတည်းက စာကောင်းပေမွန်များ ဖတ်ရှုခြင်းအားဖြင့် မှန်ကန် သည့် အသိအမြင်၊ အတွေးအခေါ်နှင့် ဉာဏ်ပညာများ ကိန်းအောင်းနိုင်စေရန် အခြေခံ စိတ်ဓာတ်ကောင်းများလည်း ရရှိစေမှာဖြစ်ကြောင်း၊ မောင်တို့ မယ်တို့အနေဖြင့် ယခု တက်ရောက်ခဲ့သည့် သင်တန်းများက ရရှိခဲ့သည့် အချိန်ကိုလေးစားပြီး အကျိုးရှိရှိ အသုံးချခဲ့သည့် အတွေ့အကြုံ၊ စည်းကမ်းတကျ လုပ်ဆောင်တတ်သည့် အတွေ့အကြုံ၊ အချင်းချင်း ဆွေးနွေးတိုင်ပင်၊ လက်တွဲလုပ်ကိုင်တတ်သည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး နောင်အနာဂတ်ခရီး လျှောက်လှမ်းသွားမည်ဆိုလျှင် လူ့တန်ဖိုးသည် အများ ကြီး ရှိလာမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတပစ္စည်းများ မည်မျှပင် ပေါကြွယ်ဝ စေကာမူ ထိထိရောက်ရောက်ပုံဖော်အသုံးချနိုင်စွမ်း မရှိလျှင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု အရှိန် အဟုန်သည်လည်း နှေးကွေးတတ်ကြကြောင်း၊ မိမိတို့နိုင်ငံသည် ရာသီဥတု သာယာ မျှတမှု၊ ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိနေမှု၊ ရာသီဥတု သုံးမျိုး စလုံးနှင့် ကိုက်ညီစွာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ရေခံမြေခံ ကောင်းများ ရှိပြီးဖြစ်ကြောင်း၊ ယခုလိုအခြေခံ ကောင်းများကို အကျိုးရှိစွာ အသုံးချနိုင်ရန် လူသားအရင်းအမြစ်များ ရှိမှသာ တိုင်းပြည်၏ စီးပွားသည်လည်း ယခုထက်မက အဆ ပေါင်း များစွာ တိုးပွားလာမှာပင်ဖြစ်ကြောင်း။

            ပထမအရွယ်မှာရှိနေကြသည့် မောင်တို့မယ်တို့အနေဖြင့် ပညာကို ကောင်းစွာ သင်ကြားကြရမည့်အချိန်အခါတွင် မိမိစိတ်ကို ပျက်စီးလေလွင့်စေမည့် တခြားအရာများ နှင့် မပတ်သက်မိအောင် သတိပြု နေထိုင်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် မိမိ၏ ကျန်းမာရေးကို လျစ်လျူရှုနေထိုင်တာမျိုးများ မဖြစ်စေရန်လည်း အရေးကြီးကြောင်း၊ “အာရောဂျံ ပရမံ လာဘံ” ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဖြစ် ခြင်းကြောင့် အကျိုးမရှိသည့် ကွမ်း၊ ဆေး၊ အရက် စသည့် မူးယစ်ဆေးဝါး အခြေခံ အမူအကျင့်များကို ရှောင်ရှားကြရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စာရိတ္တမဏ္ဍိုင်ပျက်စီး ယိုယွင်းမှု ဇာစ်မြစ်ကို ဖော်ထုတ်လိုက်ရင် မူးယစ်ဆေးဝါးသည် အဓိကတရားခံဖြစ်ခြင်း ကို တွေ့ရှိရမှာပင်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ မိမိအလိုရှိရာကို စိတ်သွားတိုင်း ကိုယ်ပါ စီမံဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးလိုက်စားပြီး ခန္ဓာ ကိုယ် ကြံ့ခိုင်သန်မာအောင် ကိုယ်လက်လှုပ်ရှား အားကစားများကို ပြုလုပ်ကြရန်လိုအပ် မည်ပင်ဖြစ်ကြောင်း၊ ကြံ့ခိုင်သန်စွမ်းပြီး ထက်မြက်သည့် ကာယအား၊ ဉာဏအားများနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာက ပါဝင်နိုင်ရေး ကြိုးစား ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။

            မောင်တို့မယ်တို့သည် အမိနိုင်ငံတော်ကြီးထဲတွင် မွေးဖွားသူများဖြစ်သည်နှင့် အညီ အမိနိုင်ငံတော်ကြီး၏ သမိုင်းကြောင်းအစဉ်အလာများကို ကောင်းစွာသိရှိ နားလည် ထားကြရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ မြန်မာ့သမိုင်းနှင့် တပ်မတော်၏ သမိုင်းသည် ဒွန်တွဲ လျက်ရှိနေခြင်းကို သိရှိနားလည်ပြီး နိုင်ငံ၏ အကျိုးစီးပွားကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ အဆိုးမြင်အယူအဆများကို မောင်တို့မယ်တို့အနေဖြင့် တွန်းလှန်ဖယ်ရှားနိုင်ကြရန် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေကြရမည် ဖြစ်ကြောင်း၊ သို့မှလည်း မီဒီယာအပါအဝင် အဘက်ဘက်က ထိုးနှက်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်မည် ဖြစ်ပြီး တိုင်းပြည်ကအားထားရသည့် မျိုးဆက်သစ်မောင်မယ်များ ဖြစ်လာကြမည်ပင်ဖြစ် ကြောင်း။

            သင်တန်းတက်ရောက်ရာမှတစ်ဆင့် ရရှိခဲ့သည့် လူငယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုများကို ဆက်လက်မွေးမြူပြီး ပြည်ထောင်စုစိတ်ဓာတ်ကို တည် ဆောက်သွားကြရန်၊       နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ ပြုစု ပျိုးထောင် နေချိန်တွင် သင်ယူခဲ့သည့် ပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများမှ အကျယ်ချဲ့ စဉ်းစားပြီး ထပ်မံစူးစမ်းလေ့လာမှုများ ပြုလုပ်သွားကြရန်၊ မှန်ကန်သည့် အသိအမြင်များ ရရှိစေရန် စာကောင်းပေမွန်များကိုဖတ်ရှုပြီး မိဘ ဆရာသမားများ၏  အဆုံးအမများ အတိုင်း လိုက်နာနေထိုင်သွားကြရန်၊ “ပညာ ရွှေအိုး လူမခိုး” ဟူသည့်အတိုင်း ပညာ ခေတ်တွင် ပညာရှာရင်း မိမိတို့၏ ကျန်းမာရေးအတွက်လည်း ဂရုပြုဆင်ခြင်နေထိုင် သွားကြရန်၊ မိမိတိုင်းပြည်အပေါ် သစ္စာစောင့်သိရိုသေပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် မျိုးဆက် သစ်မောင်မယ်များ ဖြစ်ကြပါစေကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး လူငယ် မောင်မယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါဝရပြုလက်ဆောင်ပစ္စည်း များ ပြန်လည်ပေးအပ်သည်။

၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မကေဇင်သွယ်နှင့် လေကြောင်းလူငယ် သင်တန်းမှ မနန်းမိုခမ်း တို့က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ် စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ် တန်းအဆင့်)(၁/၂၀၂၃)တို့တွင် တက်ရောက်သင်ကြားခဲ့ရသည့် ရေကြောင်း၊ လေကြောင်း ဆိုင်ရာအတွေ့အကြုံများ၊ သင်တန်းမှ ရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများ ကို ဦးစွာ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ယခုကဲ့သို့ အားလပ်သည့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ ကုန်ဆုံးစေပြီး ဒေသန္တရဗဟု သုတများစွာ ရရှိနိုင်စေရေးအတွက် ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးကာ တိုင်းရင်းသားညီအစ်ကိုမောင်မှမများ ချစ်ကြည်ရင်းနှီးစွာ အတူတကွ တွေ့ဆုံ၍ သင်တန်းတက်ရောက်ခွင့်ရခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား  လူငယ်မောင်မယ်များကိုယ် စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုသင်တန်းများသည် မိမိတို့ လူငယ်မောင်မယ် များအတွက် တန်ဖိုးကြီးမားပြီး အဓိပ္ပါယ်ရှိသည့် သင်တန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့ အနာဂတ်လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်က အားထားရသည့် ရေကြောင်း ဆိုင်ရာပညာရှင်များ၊ လေကြောင်းဆိုင်ရာ ပညာရှင်များ၊ နိုင်ငံတော်အကျိုး စီးပွားအတွက် ထိရောက်စွာ စွမ်းဆောင်ပေးနိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်း သွားမည်ဖြစ်ပါကြောင်းဖြင့် ကျေးဇူးတင်စကားများ အသီးသီးပြန်လည် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီ တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ် စဉ်(၁/၂၀၂၃)နှင့် အခြေခံ လေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ်တန်းအဆင့်) (၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး အမှတ်တရဓာတ်ပုံရိုက်ကြသည်။

 ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်း အနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့ တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင် အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ် ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ် နှင့် ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင် ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ်ပြကွက်များကို စိတ်ပါဝင် စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။