အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော်၊ မေ - ၂၀

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်လက် နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိတပ်များမှ စစ်သည်များနှင့် ကူညီ ကယ်ဆယ်ရေးအဖွဲ့များပါဝင်သည့် အင်အား ၃၉ ဦးနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ ဝန်ကြီးဌာနများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် အိမ်သာ ခွက်များ၊ အိမ်သာပိုက်များ၊ မိုးကာလိပ်များ၊ တာဘိုလင်များ၊ ရေပိုက်များ၊ မီးဖိုချောင် သုံးပစ္စည်းများ၊ အဝတ်အထည်များ၊ လူ(၄၀)ဦးဆံ့ မိုးကာတဲများ၊ လူ(၁၀)ဦးဆံ့ မိုးကာ တဲများ၊ ရေသန့်ဘူးများ၊ အာလူးအိတ်များ၊ ကြက်သွန်နီအိတ်များ၊ ကြက်သွန်ဖြူအိတ် များ၊ အခြားစားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင် ၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ၅ ကြိမ် ပို့ဆောင်ပေးခဲ့သည်။

အလားတူ ယနေ့တွင်လည်း တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ ဝန်ကြီးဌာနများ၊ စေတနာရှင်အလှူရှင်များနှင့် အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ရေစက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ရေသန့်စင်ဆေးပုံးများ၊ ရေသန့်စက်ပစ္စည်းများ၊ ရေပိုက်များ၊ မိုးကာလိတ်များ၊ အိမ်သာခွက်များ၊ ဆေးပစ္စည်း များ၊ ရွက်ဖျင်တဲများ၊ ချိန်းစောများ၊ တစ်ကိုယ်ရည်အသုံး အဆောင်ပစ္စည်းများ၊ ကြက်ဥဖာများ၊ ကြက်/ဝက်အူချောင်းဖာများ၊ မီးစက်များ၊  အိမ်ဆောက်သံများ၊ တံရွင်း ပြားများ၊ သံတရွင်းများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ရေတုန်ငင်များ၊ အဝတ်အထည်များ၊ ရေခဲသေတ္တာများ၊ CPL ကား ၁ စီး၊ ဘဲဥများ၊ အခြားစားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ် ရေးပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၇ ကြိမ် ပို့ဆောင်ပေးခဲ့သည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေး မှူးရုံး ကွပ်ကဲမှုအောက်ရှိတပ်များမှ စစ်သည် ၁၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၄၂ ဦးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တံတားဦးလေဆိပ်မှ စစ်တွေလေဆိပ်သို့ ယနေ့တွင် တပ်မတော်လေယာဉ်ဖြင့် ၄ ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စုစု ပေါင်း ၆၀၀ ဦးထိ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့်  ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။