စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့် အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့် အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၁၂၆၂ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၂၄ ဦး၊ ခွဲစိတ်ရောဂါ ၁၃၄ ဦး၊ ကလေးရောဂါ ၄၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၆၁ ဦး၊ အရိုးရောဂါ ၁၃၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၈၄ ဦး၊ မျက်စိရောဂါ ၃၁၈ ဦးနှင့် သွားရောဂါ ၁၅၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၂၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၃ ဦး၊ သွားနှုတ်/ဖာ/ဆေးထည့် လူနာ ၁၂၀ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၂ ဦး၊ Ultrasound ရိုက်လူနာ ၈၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၈ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၄၅ ဦးတို့ကို ရွေ့လျား ဓာတ်မှန် ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်း များဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချို ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင် ရွက်ပေးသည်။

ထို့ပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်လိုအပ်သူ ဒေသခံပြည်သူ ၆၂၃ ဦး တို့ကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးပြီး Mask များပေးဝေခဲ့သည်။ ၎င်းအပြင် ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြရာ ဆေးကုသရန်လာရောက်သူ စေတနာရှင် ပြည်သူများက ဆေးကုသရေးအဖွဲ့များအား စားသောက်ဖွယ်ရာများ ပြန်လည် လှူဒါန်းကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေး၍ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကြပြီး နယ်လှည့်အထူးဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မျက်စိရောဂါဝေဒနာရှင်များအား ပါဝါမျက်မှန်များ လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။