အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၌ သံဃာတော်များနှင့် ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၌ သံဃာတော်များနှင့် ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ မေ - ၂၀

        မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရှိ သံဃာတော်များနှင့်  ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့များက အဆိုပါရပ်ကွက်ရှိ မဟာသန္တာရုံ ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

        ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နယ်လှည့်ဆေးကုသရေးအဖွဲ့များက သံဃာ တော် ၇၄ ပါးနှင့် ဒေသခံပြည်သူ ၁၉၀ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်မြစ်ရောင် ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊  အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သံဃာတော် ၁၃၆ ပါးနှင့် ဒေသခံပြည်သူ ၁၂၂ ဦးတို့ကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မန္တလေး တပ်နယ်မှ တာဝန်ရှိသူများကသွား ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။