အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်မျ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

နေပြည်တော်၊ မေ - ၂၀

        အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ်ပထမ အစီးသည် စစ်ထောက်ချုပ်ရုံးမှ ရေသယ်ယာဉ် ၁ စီး၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းမှ ဒီဇယ်ဆီ ၉ လုံး၊ နယ်မြေခံခဲယမ်းမီးကျောက်တပ်ရင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၁၀ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယမြောက်အစီးသည် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ကယ် ဆယ်ရေး ဆန် ၈၀ အိတ်၊ ရေသန့် ၄၀၀ ဗူး စုစုပေါင်းကုန်တန်ချိန် ၄.၅ တန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇၂ ဦးတို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် တတိယမြောက်အစီးသည် စစ်ထောက်ချုပ်ရုံးမှ Sino Truck ယာဉ် ၁ စီး၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒီဇယ်ဆီ ၈ လုံး၊ နယ်မြေခံခဲယမ်းမီးကျောက် တပ်မှ ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၉.၈ တန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၂၃ ဦးတို့အားလည်းကောင်း ယနေ့နံနက်ပိုင်းတွင် ရေချမ်းပြင်ချောင်းဝ အနီးမှ တင်ဆောင်၍ ရသေ့တောင်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံသယ်ဆောင်ပေးရန်အတွက် ရေချမ်းပြင်၌ ပြန်လည်အခြေပြုခဲ့သည်။

        အလားတူ တင့်ကားတင်ကမ်းထိုးရေယာဉ်တစ်စီးသည် စစ်ရေးချုပ်ရုံးမှ SENO TRUK ကား ၂ စီး၊ TA TA ကား ၁ စီး၊ ကယ်ဆယ်ရေးကြိုးခွေ ၁၀ ခွေ၊ ယာဉ်အုပ်ချုပ်မှုပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်း ၅ မျိုး၊ ထောက်ပံ့ရေး ရိက္ခာ ၅၀၀ ထုပ်၊ မီးစက် ၁ လုံး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ MAL TRUK ၂ စီး၊ DOYUNG ၁ စီး၊ TA TA ၁ စီး၊ မိုးကာတဲ ၅၀ လုံး၊ တာပေါ်လင် ၁၆၀ ချပ်၊ ဒီဇယ်ဆီ ၆ လုံး၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်းများ ၅ မျိုး၊ လျှပ်စစ်နှင့် အပိုပစ္စည်း ကိရိယာ ၅ မျိုး၊ Kubota မီးစက်အသေး ၁ လုံး၊ နယ်ခြားစောင့်တပ်ဖွဲ့မှ အမဲစည်သွပ် ၂၂၈ ဖာ၊ စတော်ပဲစည်သွပ် ၅၂၉ ဖာ၊ သွပ်ပြား ၅၀၀ ချပ်၊ မိုးကာလိတ် ၂၀ လိတ်၊ ရွက်ဖျင်တဲ ၆ လုံး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဝတ် ၆၀ ထုတ် စုစုပေါင်းကုန်တန်ချိန် ၈၀.၅ တန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁၁ ဦးတို့အား ယနေ့ နံနက်ပိုင်းတွင် မင်းဂံကမ်းထိုးရပ်၌တင်ဆောင်၍ အငူမော်သို့ ပို့ဆောင်ပေးခဲ့သည်။

        ထို့နောက် မေ ၁၆ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီမှ ဆန် ၁၂,၂၅၀ အိတ်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ သွပ် ၈,၀၀၀ ချပ်၊ သွပ်သံ ၁၇ ဖာ၊ စားအုန်းဆီ ၁,၁၄၄ ဖာ၊ သွားတိုက်ဆေးဗူး ၆၆၇ ဖာ၊ သွားတိုက်တံ ၈၀ ဖာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင် တောင်းခံလွှာပုံစံများ ၄၈ ထုပ်၊ မြန်မာ့မီးရထားမှ တာပေါ်လင် ၁၅ ချပ်၊ မီးစက် ၂ လုံး၊ ချိန်းဆော ၂ လက်၊ Water Pump ၁ ခု၊ ပို့ဆောင်ရေးမှ တာပေါ်လင် ၅ လိတ်၊ မီးစက် ၂ လုံး၊ ၃ မူးနိုင်လွန်ကြိုး ၃ ခွေ၊ ချိပ်ကွင်း (၁၀၀၀) ခုပါ ၁ ထုပ်၊ စက်ပစ္စည်း ၂ ထုပ်၊ ရိက္ခာခြောက်ဂျပ်ဖာ ၃ ခု၊ ဖယောင်းပုဆိုး ၁ လိတ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆန် ၇၀ အိတ်၊ ဆီ ၇၀ ဗူး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကော်ပုံးနှင့် ဒန်အိုးများ စုစုပေါင်းကုန်တန်ချိန် ၆၆၀ တန်တို့အား တင်ဆောင်၍ ရန်ကုန်မြို့မှ ထွက်ခွာလာသော စစ်ရေယာဉ်(ပြည်တော်အေး-၂)သည် ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ Essar တံတားသို့ရောက်ရှိခဲ့ပြီး သယ်ဆောင်သွားသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။