တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ နွေရာသီ သင်တန်းဆင်းပွဲပြုလုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ နွေရာသီ သင်တန်းဆင်းပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၀

            တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များအတွင်းရှိ တပ်မတော်သားမိသားစုဝင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် သင်ကြားလျက်ရှိသော နွေရာသီသင်တန်းများဖြစ်သည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာ သင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် ဘင်ခရာ သင်တန်းများ ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

            ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့နောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည်ခံခဲ့ပြီး သင်တန်းများ အလိုက် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ  သင်တန်းသား၊ သင်တန်းသူ ၂၇၇၄ ဦးတို့ကို အောင်မြင်စွာ သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။