ကရင်ပြည်သူ့ပါတီ (KPP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ကရင်ပြည်သူ့ပါတီ (KPP) ကို   နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၂၃ / ၂၀၂၃ )

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း  ၄  ရက်

( ၂၀၂၃ ခုနှစ်၊ မေလ   ၂၂   ရက် )

ကရင်ပြည်သူ့ပါတီ (KPP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၊ ရွှေဒါးကုန်းလမ်း၊ အမှတ်(၂၈) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  ကရင်ပြည်သူ့ပါတီ (KPP) ကို ၂၀၂၃ ခုနှစ်၊ မေလ  ၂၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

ကရင်ပြည်သူ့ပါတီ (KPP) ၏ မှတ်ပုံတင်အမှတ်မှာ (၁၈) ဖြစ်ပါသည်။

 

                                      (ပုံ) သိန်းစိုး

                                           ဥက္ကဋ္ဌ

                             ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်