အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

နေပြည်တော်၊ မေ - ၂၃

          အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ တပ်မတော်(ရေ)မှ ၅၆ မီတာ ကမ်းထိုးရေယာဉ် ပထမအစီးသည် မြန်မာ့သစ်လုပ်ငန်း(ရခိုင်ပြည်နယ်)၊ သံတွဲသစ်ထုတ်ရေးဒေသ၊ တောင်ကုတ်နယ်၊ ထန်းတောင်ကွင်းသစ်ဆိပ်မှ ကညင်ခွဲသား(၉၆၀)ချောင်း၊ စကားဝခွဲသား(၆၇)ချောင်း စုစုပေါင်းကုန်တန်ချိန် (၁၁၄.၆၀၂၂)တန် တို့အား မေ ၂၂ ရက် နံနက်ပိုင်းတွင် တောင်ကုတ်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့ နံနက်ပိုင်းတွင်  စစ်တွေမြို့၊ Essar တံတားသို့ ရောက်ရှိခဲ့ ပါသည်။

          အလားတူ ၅၆ မီတာ ကမ်းထိုးရေယာဉ်ဒုတိယအစီးသည် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင် (၈)ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် WA-320 WHEEL LOADER ၁ စီး ၊ MI-2 EXCAVATOR ၃ စီး စုစုပေါင်းကုန်တန်ချိန် ၃၅ တန် တို့အား အငူမော်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ သယ်ဆောင်လာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်များ၊ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့် ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။