သီတဂူဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တဉာဏိဿရမှ ရခိုင်ဒေသ လေဘေးသင့် ပြည်သူများအတွက် တစ်တင်းခွဲဝင် ဆန်အိတ်ပေါင်း(၁၀၀၀)အိတ် ပေးအပ်လှူဒါန်း

သီတဂူဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တဉာဏိဿရမှ ရခိုင်ဒေသ လေဘေးသင့် ပြည်သူများအတွက် တစ်တင်းခွဲဝင် ဆန်အိတ်ပေါင်း(၁၀၀၀)အိတ် ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ - ၂၃

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကသီတဂူ  ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော် များ၏အဓိပတိ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီးမှ ရခိုင်ဒေသလေဘေးသင့်ပြည်သူများအတွက် တစ်တင်းခွဲဝင် ဆန်အိတ်ပေါင်း (၁၀၀၀)အိတ် ပေးအပ်လှူဒါန်းပွဲ အလှူတော်ကို ယနေ့မွန်းလွဲပိုင်းကရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ခံတား၌ပြုလုပ်ရာ သီတဂူဆရာတော်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဋ္ဌာနချုပ် ဋ္ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက သီတဂူ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဩဝါဒကထာနာယူ ကြည်ညိုကြသည်။ ထို့နောက် သီတဂူဆရာတော်ကြီးက ရခိုင်ဒေသ လေဘေးသင့်ပြည်သူများအတွက် တစ်တင်းခွဲဝင် ဆန်အိတ်ပေါင်း(၁၀၀၀)အိတ်ကို လွှဲပြောင်း ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်လျှောက် ထားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီး အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီးရေစက်ချတရားနာယူခဲ့ကြကာသီတဂူ အဓိဌာန်ဖြင့် အောင်မြင်စွာရပ်နားခဲ့သည်။ ယင်းအပြင် ဆရာတော်ကြီး လှူဒါန်း သည့်ဆန်းအိတ်(၁၀၀၀)ကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ဆက်လက်ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။