သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ မေ - ၂၃

          သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စု ဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါမြို့ရှိ ‌လေဘေးသင့် ပြည်သူများအား ဆန်များ၊စားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိသည်။

          အလားတူ ကျောက်ဖြူမြိုသို့ ‌ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ကျောက်ဖြူမြို့ရှိ ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသော နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။      ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အရှေ့တောင်ရပ်ကွက်ရှ ိလေဘေးသင့်ပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးခြင်း နှင့်ဆေးကုသခြင်းများ ဆောင်ရွက်ပေး၍ အငူမော်ကုန်းတန်းကျေးရွာရှိ စာသင်ကျောင်း ၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က လေဘေးသင့်ပြည်သူများအား ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးကာ ကျောင်းဝန်းအတွင်း လဲကျနေသောသစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးများ ဆောင်ရွက်ပေးပြီး တန်းအေးကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးခြင်းနှင့် ဆေးကုသပေးခြင်းများ ဆက်လက်ဆောင်ရွက် ပေးသည်။ ထို့ပြင် လေးကန် အုပ်စု၊ လေးကန်ကျေးရွာနှင့် ပေါက်တောကြီးကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ဆန်များ၊ စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။       

          စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စစ်တွေမြို့ ရှိ လေဘေးသင့်ပြည်သူများအား သောက်သုံးရေအဆင်ပြေစေရေး ရေသန့်ဖြန့်ဝေပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

          ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဘူးသီးတောင်မြို့အတွင်း၌ လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများဆောင်ရွက်ပေးပြီး လိုအပ်သော ပြန်လည် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။

          မြောက်ဦးမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြောက်ဦးမြို့အတွင်း၌ လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများဆောင်ရွက်ပေးပြီး လိုအပ်သော ပြန်လည် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။

          ကျန်ရှိသည့်  သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စုများ အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်လာပါက  အမြန်ဆုံး သွားရောက်နိုင်ရေး ပြင်ဆင်စုဖွဲ့ထားလျက်ရှိ သည်။

          ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်း တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေး အဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။