ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် များအား ဆုကြေးငွေများ ထောက်ပံ့ပေးအပ်

ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် များအား ဆုကြေးငွေများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မေ - ၂၃

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက် လာသူ များကို ဆုကြေးငွေများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုအား  ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်မှ ၁၆ ရက်အထိ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

          ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့မှု ကြောင့် မေ ၂၂ ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် ၎င်း၏မိသားစုဝင် ၂ ဦးတို့ သည် KA-22 သေနတ် ၁ လက်၊ ဘီအေ-၉၁ လက်ပစ်ဗုံး ၁ လုံး၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၁ လုံး၊ ခဲယမ်းများနှင့်အတူ ဗန်းမော် တပ်နယ်မှ တာဝန်ရှိသူများထံသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သေနတ် ၁ လက်အတွက် ငွေကျပ်သိန်း ၅၀ ၊ လက်ပစ်ဗုံး ၂ လုံး အတွက် ငွေကျပ် ၃ သိန်းနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ၃ သိန်း၊ စုစု ပေါင်းငွေကျပ် ၅၆ သိန်းကို ဆုကြေးငွေအဖြစ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာ သူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိ နေသူများ ကျန်ရှိနေသေးကြောင်း ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများ၏ ပြောကြားချက်အရ သိရှိရသည်။

          ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။