ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှု့စစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှု့စစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း

နေပြည်တော်  မေ ၂၃

          ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်ရောက်ရှိနေသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်  တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်တပ်နယ်ရှိ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များရှိ အဆောက်အဦများအား လိုက်လံကြည့်ရှု့ကာ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး မှာကြားခဲ့ပြီး အိမ်ထောင်သည် ရဲမေများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)သည် အဆိုပါ တပ်နယ်တပ်ရင်းများ၌ မွေးမြူထားသည့် ဉစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှူ့၍ ဉနှုန်းများ သတ်မှတ်နှုန်းထား ပြန်လည်ပြည့် မှီနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည်များမှာကြားခဲ့ပြီး အိမ်ထောင်သည်လိုင်းများတွင် စိုက်ပျိုးထားသည့် မိသားစုများ၏ တစ်နိုင်တစ်ပိုင်စိုက်ခင်းများအား လိုက်လံ ကြည့်ရှု့သည်။

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ကံစောက် နယ်မြေခံတပ်ရင်းများ၏ မုန်တိုင်းသင့်၍ ပျက်စီးခဲ့သော အဆောက်အဦများအား ပြန်လည်ပြင်ဆင်နေမှုအား ကြည့်ရှု့၍ ပျက်စီးမှု ရာခိုင်နှုန်းများအလိုက် ဦးစားပေး အဆင့်သတ်မှတ်ကာ ပြန်လည်ပြင်ဆင်တည်ဆောက်သွားရန် မှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေ၊ မိသားစုဝင်များအားတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

          ထိုမှတဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ကျောက်တော်တပ်နယ်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ကြိုဆိုကြသည်။ ထို့နောက် ကျောက်တော်တပ်နယ်ရှိ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များရှိ အဆောက်အဦများအား လိုက်လံကြည့်ရှု့၍ ပြင်ဆင်ဆောင်ရွက် သွားရန်မှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲပြီး  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ကျောက်တော် မြို့နယ်ရှိ မဟာမုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်၍ ပန်း၊ ရေချမ်း ကပ်လှူပြီး ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများလှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူသည်။

ထိုမှတဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် မြောက်ဦး တပ်နယ်သို့ရောက်ရှိရာ တာဝန်ရှိသူများမှ ကြိုဆိုကြသည်။ ထို့နောက် မြောက်ဦး တပ်နယ်ရှိ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များရှိ အဆောက်အဦများအား လိုက်လံကြည့်ရှု့၍ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက်လိုအပ်သည်များမှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အဦများအား လိုက်လံ ကြည့်ရှု၍ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားကာ  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် အဖွဲ့သည် မင်းပြား တပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းရှိ ပေါင်းစည်းလယ်ယာရှိ ဘက်စုံစိုက်ပျိုး/မွေးမြူရေးခြံတွင် မွေးမြူထားသော ဉစားကြက်ခြံမွေးမြူရေးခြံများ၊ DYL အသားတိုးဝက်မွေးမြူရေးခြံနှင့် ဆိတ်မွေးမြူ ရေးခြံတို့အား လိုက်လံကြည့်ရှု့၍ လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် နယ်မြေခံသင်တန်းကျောင်းရှိ မုန်းတိုင်သင့်၍ပျက်စီးခဲ့သော အဆောက်အဦများ၊ သင်တန်းသားအိပ်ဆောင်၊  စာသင်ဆောင် နှင့် စားချက်ဆောင်များအား  လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့သည်။

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် အဖွဲ့သည် နယ်မြေခံသင်တန်းကျောင်းရှိ အောင်စစ်သည်ခန်းမတွင် အရာရှိ၊ စစ်သည်၊ နည်းပြများ၊ သင်တန်းသားများ နှင့် အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံ၍ အမှာစကားပြောကြားပြီး  စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)အဖွဲ့သည် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးနှင့် ပတ်သက် သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်၍  တက်ရောက် လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြချက်များနှင့် ပတ်သက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က ညှိနှိုင်းပေါင်းစပ် ပေးခဲ့ကြောင်း သတင်းရရှိသည်။