တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက် ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက် ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှု

နေပြည်တော်၊ မေ - ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော တပ်မတော်သား အရာရှိ၊ စစ်သည်များအား ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု နှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။