SME လုပ်ငန်းများအား လုပ်ငန်းစတင်ချိန်မှသုံးနှစ်တိတိ အသားတင်အမြတ်ငွေ ငွေကျပ် သိန်း ၁၅၀ အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမည်

SME လုပ်ငန်းများအား လုပ်ငန်းစတင်ချိန်မှသုံးနှစ်တိတိ အသားတင်အမြတ်ငွေ ငွေကျပ် သိန်း ၁၅၀ အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမည်

ရန်ကုန်၊ စီးပွားရေး

ပြည်တွင်း   SME    လုပ်ငန်းများကို လုပ်ငန်းစတင်ချိန်မှ သုံးနှစ်တိတိ အသား တင်အမြတ်ငွေ ငွေကျပ် သိန်း ၁၅၀ အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။

အဆိုပါ   SME   လုပ်ငန်းများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အိမ်တွင်း စက်မှု လုပ်ငန်းများ သို့မဟုတ် အသေးစား စက်မှု လက်မှုလုပ်ငန်းသစ်များ ပါဝင်ပြီး ယင်း လုပ်ငန်းများသည် လုပ်ငန်းစတင်သည့် နှစ်အပါအဝင် တစ်ဆက်တည်းသုံးနှစ်အတွင်း အသားတင် အမြတ်ငွေ ငွေကျပ် သိန်း ၁၅၀ အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပြည်ထောင်စု အခွန်အကောက်  ဥပဒေပုဒ်မ (၂၉) နှင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုခြင်းသည်  အသေးစား၊   အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လုပ်ငန်း မှတ်ပုံတင်ပါ မှတ်ပုံတင်သည့် ရက်စွဲနှင့် သက်ဆိုင်သည့်  ဝင်ငွေနှစ်ကို လုပ်ငန်းစတင်သည့်နှစ်အဖြစ် သတ်မှတ်ပြီး တစ်ဆက်တည်း သုံးနှစ်တိတိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါ အခွန်ကင်းလွတ်ခွင့်ပြုရာတွင် စုစုပေါင်းအသားတင်အမြတ်ငွေ ငွေကျပ် သိန်း ၁၅၀ နုတ်ပယ်ပြီး ကျန်ဝင်ငွေပမာဏပေါ်တွင်သာ ဝင်ငွေခွန်ကို ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။                           

နဒီ