တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  မေ  ၂၃

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် များ၊ ဦးတည်ချက်များနှင့်အညီ ဝန်ကြီးဌာန၏ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) သဘာဝဘေး ဒဏ်နှင့်ပတ်သက်သည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ပြည်ပနိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများ၊ ဘာသာရပ်ပိုင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပညာရှင် များ ရှုထောင့်မှ အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်စွက်မှာကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့မှ  ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)