တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက် လျှောက်ထားလျက်ရှိ

တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက် လျှောက်ထားလျက်ရှိ

နေပြည်တော်  မေ  ၂၃

    နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ   ယနေ့အထိ ပါတီ တည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၅ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါသည်။

အဆိုပါ   တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅ ပါတီအနက် ဒီမိုကရက်တစ်အင်အားစု လေဘာပါတီက   ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ်    မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်။   တည်ထောင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၅ ပါတီသည် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားပြီးဖြစ်၍ အဆိုပါပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။